အဆီဖုလေးတွေကိုပျောက်အောင်သဘာ၀အတိုင်းဘယ်လိုလုပ်မလဲ
မည်းမည်းစူးစူးအစိလေးတွေကိုတော့ဆားဝက်ခြံလို့ခေါ်ကြပြီး အသားရောင်ရှိသော ၊ ၀က်ခြံလိုလဲနာကျင်မှုမရှိတဲ့ အဖုသေးသေးလေးတွေကိုတော့ အဆီဖုလို့အလွယ်ခေါ်ကြပါတယ်။ သူတို့ဟာတစ်အုပ်စုတည်းပါ ။ အဆီတွေစုပြီး ချွေးပေါက်ပိတ်စို့ကာဖြစ်လာသော အဖြူရောင်၊ အသားရောင် အဖုသေးသေးလေးတွေ ကိုတော့close comedo လို့ခေါ်ပြီး ချွေးပေါက်ကိုဖွင့်ထွက်ကာ အောက်ဆီဂျင်နှင့်ထိတွေ့ပြီး ဓာတ်တိုးကာ မဲမဲလေးဖြစ်နေတဲ့ ဆားဝက်ခြံဆိုတာကိုတော့ open comedo လို့ခေါ်ပါတယ် ။ ဒီ၂မျိုးလုံးအတွက် ထိရောက်တဲ့နည်းလမ်းကတော့ ရေနွေးငွေ့နဲ့ပေါင်းခံပေးပြီး မျက်နှာကို ချေးညှော်သန့်စင်ပေးခြင်းပဲဖြစ်ပါတယ် ။ ထိုနည်းအတွက် ရေနွေးကို ဇလုံတစ်ခုထဲထည့်ကာ အငွေ့အရမ်းမပူတော့အောင်စောင့်ပြီး မျက်နှာကို ဇလုံပေါ်ကပ်၍ ရေနွေးငွေ့ခံပေးပါ ။ ခေါင်းပေါ်ကို မျက်နှာသုတ်ပုဝါအုပ်ကာ ရေနွေးငွေ့တွေအပြင်ကို ထွက်မသွားအောင် လုပ်ပေးနိုင်ပါတယ် ။ ၅-၁၀မိနစ်ခန့် ချွေးလေးစို့လာအောင် ပေါင်းခံပေးပြီး နူးညံ့သောမျက်နှာသုတ်ပဝါဖြင့် ထိကာထိကာသုတ်ပေးပါ ။ ပွတ်ဆွဲပြီး ဘယ်တော့မှ မသုတ်ပါနဲ့ ။ ထိုသို့လုပ်ပြီးလျှင်အောက်ပါနည်းလမ်းများထဲမှတစ်ခုကို ပူးတွဲလုပ်ဆောင်ပေးပါ ။ ad : ဝက်ခြံပျောက်ဆေး MIKADO Anti-ACNE G